၂ တိ 4:8-14 BCL

8 ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။

9 ငါ့​ထံ​သို့​အ​မြန်​လာ​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လော့။-

10 ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-

11 လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-

12 ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-

13 သင်​လာ​သော​အ​ခါ​တ​ရော​မြို့​တွင်​ကာ​ပု​လက်​၌ ငါ​အပ်​ထား​ခဲ့​သည့်​ဝတ်​လုံ​နှင့်​စာ​စောင်​များ၊ အ​ထူး​သ​ဖြင့်​သား​ရေ​စာ​စောင်​များ​ကို​ယူ​ခဲ့ လော့။

14 ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-