၂ ယော 1:1-5 BCL

1 အ​သက်​ကြီး​သူ​ထံ​မှ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​ခြင်း​ခံ​ရ​သူ​နှင့် အ​မှန်​ပင်​ငါ​ချစ်​မြတ် နိုး​သူ​အ​မျိုး​သ​မီး​ကြီး​နှင့် သူ​၏​သား​သ​မီး များ​ထံ​သို့​စာ​ရေး​လိုက်​သည်။ သင့်​အား​ငါ​တစ် ဦး​တည်း​သာ​မ​က သမ္မာ​တ​ရား​ကို​သိ​ရှိ​သူ အ​ပေါင်း​တို့​သည်​ချစ်​ကြ​ပေ​သည်။-

2 အ​ဘယ်​ကြောင့်​ဆို​သော်​သမ္မာ​တ​ရား​သည် ငါ တို့​စိတ်​နှ​လုံး​တွင်​တည်​နေ​လျက် ငါ​တို့​နှင့် အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​မည်​ဖြစ်​သော​ကြောင့် တည်း။

3 ခ​မည်း​တော်​ဘု​ရား​သ​ခင်​ထံ​မှ​လည်း​ကောင်း၊ ခ​မည်း​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​ထံ​တော် မှ​လည်း​ကောင်း၊ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော် နှင့်​ငြိမ်​သက်​ခြင်း​သည်​သမ္မာ​တ​ရား​ကို​သိ​၍ အ​ချင်း​ချင်း​ချစ်​ကြ​သော​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​ပါ​စေ​သော။

4 သင်​၏​သား​သ​မီး​အ​ချို့​တို့​သည်​ခ​မည်း​တော် ဘု​ရား​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း သမ္မာ တ​ရား​တော်​၌​ကျင်​လည်​လျက်​နေ​ကြ​ကြောင်း တွေ့​ရ​သ​ဖြင့်​ငါ​အ​လွန်​ဝမ်း​မြောက်​၏။-

5 သို့​ဖြစ်​၍​ချစ်​သော​အ​မျိုး​သ​မီး​ကြီး၊ ငါ​တို့ အ​ချင်း​ချင်း​ချစ်​ကြ​ရန်​သင့်​အား​ငါ​တောင်း ပန်​၏။ ဤ​ပညတ်​ကား​အ​သစ်​အ​ဆန်း​မ​ဟုတ်။ အ​စ​က​တည်း​က​ပင်​လျှင်​ငါ​တို့​ရ​ရှိ​သည့် ပ​ညတ်​ဖြစ်​ပေ​သည်။-