10 ထိုတရားတော်ကိုမသွန်သင်သောသူသည် သင်တို့ထံသို့ရောက်ရှိလာသောအခါ သင် တို့အိမ်တွင်လက်မခံကြနှင့်။ သူ့အားနှုတ် ခွန်းပင်မဆက်ကြနှင့်။-
11 အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။
12 သင်တို့အားပြောစရာများစွာရှိသော်လည်း ငါသည်စာအားဖြင့်မရေးဘဲ ငါတို့၏ရွှင်လန်း ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ငါသည် သင်တို့ထံသို့အလည်အပတ်လာ၍ သင်တို့ နှင့်ကိုယ်တိုင်တွေ့ဆုံပြောဆိုရန်မျှော်လင့်၏။
13 ဘုရားသခင်ရွေးကောက်တော်မူခြင်းခံရသူ သင့်ညီမ၏သားသမီးများကသင့်အား နှုတ်ဆက်ကြ၏။ ရှင်ယောဟန်သြဝါဒစာဒုတိယစောင်ပြီး၏။