၂ သက် 3:1-7 BCL

1 ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​အ​နေ​ဖြင့်​မှာ​ကြား လို​၏။ သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည်​သင် တို့​ထံ​မှာ​ကဲ့​သို့​အ​ရပ်​တ​ကာ​တွင်​လျင်​မြန် စွာ​ပျံ့​နှံ့​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက် နိုင်​စေ​ရန်​ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့။-

2 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​သူ​ယုတ်​မာ များ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​ရန်​ကို​လည်း​ဆု​တောင်း​ကြ လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​တော် ကို​လူ​တိုင်း​ပင်​မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ် သည်။

3 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။-

4 သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။

5 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။

6 ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

7 သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-