၂ သက် 3:10-16 BCL

10 သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။

11 သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။-

12 ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။

13 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။-

14 အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-

15 သို့​ရာ​တွင်​သူ့​အား​ရန်​သူ​ကဲ့​သို့​သ​ဘော​မ​ထား ဘဲ ညီ​အစ်​ကို​ကဲ့​သို့​သ​ဘော​ထား​ကာ​သ​တိ​ပေး ကြ​လော့။

16 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။