၂ သက် 3:7-13 BCL

7 သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-

8 ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။-

9 ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။-

10 သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။

11 သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။-

12 ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။

13 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။-