၃ ယော 1:12-15 BCL

12 ဒေ​မေ​တ​ရိ​ကို လူ​တိုင်း​ချီး​မွမ်း​ပြော​ဆို ကြ​ပေ​သည်။ သမ္မာ​တ​ရား​သည်​သူ့​ဘက်​၌ သက်​သေ​ခံ​၏။ ငါ​တို့​သည်​ထပ်​လောင်း​၍ ထောက်​ခံ​၏။ ငါ​တို့​ထောက်​ခံ​ချက်​သည် ခိုင်​လုံ​ကြောင်း​သင်​သိ​၏။

13 သင်​တို့​အား​ပြော​စ​ရာ​အ​ကြောင်း​အ​ရာ များ​စွာ​ရှိ​သော်​လည်း​ငါ​သည်​စာ​အား​ဖြင့် မ​ရေး​ဘဲ၊-

14 ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။

15 သင်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ဤ​အ​ရပ်​ရှိ​မိတ်​ဆွေ​များ​က​သင့်​အား​နှုတ် ဆက်​ကြ​၏။ ငါ​တို့​၏​မိတ်​ဆွေ​တစ်​ဦး​စီ​အား နှုတ်​ဆက်​ပါ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး​၏။