ဇာ​ခ​ရိ 1:11-17 BCL

11 မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။

12 ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။

13 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန် အား​နှစ်​သိမ့်​ဖွယ်​ရာ​စ​ကား​များ​ကို​မိန့် ကြား​တော်​မူ​သဖြင့်၊-

14 ကောင်း​ကင်​တ​မန်​သည်​လည်း​ငါ့​အား``အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လွန်​စွာ​ချစ်​မြတ်​နိုး​၍​အ​ကြင်​နာ တ​ရား​ထား​ရှိ​ပါ​၏။-

15 ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-

16 ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

17 ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။