ဇာ​ခ​ရိ 1:18-21 BCL

18 ငါ​သည်​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု တွင်​နွား​ဦး​ချို​လေး​ခု​ကို​တွေ့​မြင်​ရ​၏။-

19 ငါ​သည်​မိ​မိ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​အား​ထို​ဦး​ချို​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​၍​ကြည့်​၏။ထို​ကောင်း​ကင်​တ​မန်​က``ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်​သား၊ ဣ​သ​ရေ​လ​ပြည်​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ကွဲ​လွင့်​စေ​ခဲ့ သူ​ကမ္ဘာ​တန်​ခိုး​ရှင်​များ​ကို​သ​ရုပ်​ဆောင်​ပါ သည်'' ဟု​ဆို​၏။

20 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-

21 ငါ​က​လည်း``ဤ​သူ​တို့​သည်​အ​ဘယ်​မှု​ကို ပြု​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​လေ​လျှင်၊ကိုယ်​တော်​က``သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား တို့​အား​ကွဲ​လွင့်​စေ​၍​အ​ကုန်​အ​စင်​ဖျက်​ဆီး ချေ​မှုန်း​ခဲ့​သည့်​လူ​မျိုး​တို့​အား တုန်​လှုပ်​ချောက် ချား​စေ​၍​ဖြို​ခွင်း​နှိမ်​နင်း​ရန်​ရောက်​ရှိ​လာ ခြင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။