8 ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
9 ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင်ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
10 ထာဝရဘုရားသည်ကမ္ဘာမြေကြီးကို ကြည့်ရှုစစ်ဆေးရန် သူတို့ကိုစေလွှတ်တော် မူလိုက်၏'' ဟုပြန်လည်ဖြေကြား၏။
11 မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။
12 ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
13 ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
14 ကောင်းကင်တမန်သည်လည်းငါ့အား``အနန္တ တန်ခိုးရှင်ထာဝရဘုရားက`ငါသည်သန့် ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့တော် ကိုလွန်စွာချစ်မြတ်နိုး၍အကြင်နာ တရားထားရှိပါ၏။-