1 အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည်မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။
2 အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
3 ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
4 ငါ၏ဘုရားသခင်ထာဝရဘုရားကငါ့ အား``သင်သည်သတ်ရန်လျာထားသည့်သိုး စုမှသိုးထိန်းကဲ့သို့ပြုမူလော့။-
5 သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။