5 သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
6 (ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
7 သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
8 ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
9 ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။-
10 ထိုနောက်ငါသည်လူမျိုးတကာတို့နှင့် ထာဝရဘုရားပြုတော်မူခဲ့သည့်ပဋိ ညာဉ်တော်ကိုဖျက်သိမ်းသည့်အနေဖြင့်``ကျေး ဇူးပြုခြင်း'' နာမည်တွင်သောတောင်ဝှေး ကိုယူ၍ချိုးပစ်လိုက်လေသည်။-
11 ဤသို့လျှင်ပဋိညာဉ်တော်သည်ထိုနေ့၌ ပျက်ပြား၍သွားလေတော့၏။ သိုးများ ကိုဝယ်ယူရောင်းချသူတို့သည်ငါ့အား စောင့်၍ကြည့်နေကြ၏။ သူတို့သည်ငါ၏ အပြုအမူအားဖြင့်ထာဝရဘုရားဗျာ ဒိတ်ပေးတော်မူလျက်ရှိကြောင်းကိုသိ ကြ၏။-