ဇာ​ခ​ရိ 2:1-4 BCL

1 ငါ​သည်​ပေ​ကြိုး​ကို​ကိုင်​ထား​သည့်​လူ​တစ်​ယောက် ကို​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​တွေ့​မြင် ရ​၏။-

2 သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​သော​အ​ခါ၊ထို​သူ​က``ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ပါ​မည်။ ထို မြို့​သည်​အ​လျား​အ​နံ​မည်​မျှ​ရှိ​သည်​ကို​တိုင်း ထွား​၍​ကြည့်​ရန်​ဖြစ်​ပါ​၏'' ဟု ပြန်​ပြော​လေ​သည်။

3 ထို​နောက်​ငါ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​သည်​ရှေ့​သို့​လာ​သော​အ​ခါ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​က​သူ့​ထံ သို့​လာ​ရောက်​နှုတ်​ဆက်​သည်​ကို​ငါ​တွေ့​မြင် ရ​၏။-

4 ပ​ထ​မ​ကောင်း​ကင်​တ​မန်​က​သူ့​အား``ယေ​ရု ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သည့်​လူ​သတ္တ​ဝါ တို့​သည်​အ​လွန်​ပင်​များ​သ​ဖြင့် ထို​မြို့​ကို တံ​တိုင်း​ကာ​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ပေ ကြိုး​ကိုင်​ထား​သူ​လူ​ငယ်​ထံ​သို့​ပြေး​၍​ပြော ကြား​လော့။-