ဇာ​ခ​ရိ 3:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-

2 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်းကင်​တ​မန်​က​စာ​တန် အား``အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင် မြို့​ကို​ချစ်​မြတ်​နိုး​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် သင့်​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည်​မီး​ထဲ​မှ​ဆွဲ​နုတ်​လိုက်​သည့်​တုတ် ချောင်း​နှင့်​တူ​ပါ​၏'' ဟု​ပြော​၏။

3 ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။-

4 ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။