10 သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
11 ထိုအခါငါသည်သူ့အား``မီးတင်ခုံ၏ တစ်ဖက်တစ်ချက်တွင်ရှိသောသံလွင်ပင် နှစ်ပင်၏အနက်အဋ္ဌိပ္ပါယ်ကားအဘယ် သို့နည်း။-
12 သံလွင်ဆီများကျဆင်းရာရွှေပြွန်နှစ်လုံး ၏နံဘေးတွင်ရှိသောသံလွင်ခက်နှစ်ခု၏ အနက်အဋ္ဌိပ္ပါယ်မှာလည်းအဘယ်နည်း'' ဟု မေး၏။
13 သူကငါ့အား``သင်မသိပါသလော'' ဟု ဆိုလျှင်၊ငါကလည်း`အရှင်အကျွန်ုပ်မသိပါ' ဟု ပြန်လည်ဖြေကြားလိုက်၏။
14 ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။