ဇာ​ခ​ရိ 5:1-6 BCL

1 ငါ​သည်​နောက်​တစ်​ဖန်​ကြည့်​လိုက်​ပြန်​သော​အ​ခါ လေ​ထဲ​တွင်​ပျံ​ဝဲ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ရ​၏။-

2 ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။

3 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``တစ်​နိုင်​ငံ​လုံး အ​ပေါ်​သို့​သက်​ရောက်​မည့်​ကျိန်​စာ​ကို​ထို​စာ လိပ်​တွင်​ရေး​သား​ထား​ပါ​သည်။ စာ​လိပ်​တစ် မျက်​နှာ​၌​သူ​ခိုး​မှန်​သ​မျှ​တို့​သည် ဤ​နိုင်​ငံ မှ​ဖယ်​ရှား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ အ​ခြား​တစ်​မျက်​နှာ​၌​မူ​မ​မှန် မ​ကန်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​အ​ပေါင်း တို့​သည်​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ထား ပါ​သည်။-

4 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က​ငါ​သည် ဤ​ကျိန်​စာ​ကို​စေ​လွှတ်​လိုက်​မည်​ဖြစ်​၍​ယင်း သည်​ငါ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​မှန်​သ​မျှ​နှင့်​သူ​ခိုး​မှန် သ​မျှ​တို့​၏​အိမ်​များ​တွင်​ဝင်​၍​နေ​လိမ့်​မည်။ ထို​အိမ်​တို့​သည်​လည်း​ကျိန်​စာ​ထွက်​ခွာ​သွား သော​အ​ခါ ယို​ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ် ကြ​လိမ့်​မည်'' ဟု​ဆို​၏။

5 ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။

6 ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-