ဇာ​ခ​ရိ 8:4-10 BCL

4 ``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။-

5 လမ်း​များ​သည်​လည်း​က​စား​လျက်​နေ​သူ က​လေး​သူ​ငယ်​သူ​ငယ်​မ​များ​နှင့်​တစ်​ဖန် ပြည့်​နှက်​၍​နေ​ပေ​လိမ့်​ဦး​မည်။''

6 ``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-

7 ငါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​အား​သူ​တို့​ရောက်​ရှိ​လေ ရာ​အ​ရပ်​မှ​ကယ်​ဆယ်​၍၊-

8 ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ရန်​အ​ရှေ့​နှင့် အ​နောက်​အ​ရပ်​များ​မှ​ခေါ်​ဆောင်​လာ​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ တို့​အား​တ​ရား​မျှ​တ​စွာ​သစ္စာ​နှင့်​အုပ်​စိုး မည်။

9 ရဲ​ရင့်​မှု​ရှိ​ကြ​လော့။ ယ​ခု​သင်​တို့​ကြား​သိ ကြ​ရ​သည့်​စ​ကား​များ​သည် ငါ​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည် တည်​ဆောက်​ရန်​အုတ်​မြစ်​ချ​ချိန်​၌​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​ကြ​သည့်​စ​ကား​များ​ပင် ဖြစ်​၏။-

10 ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။-