ဇာ​ခ​ရိ 9:1-5 BCL

1 ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ကိုယ်​တော်​သည်​ဟာ​ဒ​ရက်​ပြည်​နှင့်​ဒ​မာ​သက် မြို့​ကို​အ​ပြစ်​ဒဏ်​ခတ်​ရန်​စီ​ရင်​ချက်​ချ​မှတ် တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ လ​လူ​မျိုး​နွယ်​များ​ကို​သာ​လျှင်​မ​ဟုတ်၊ ရှု​ရိ ပြည်​၏​မြို့​တော်​ကို​လည်း​ပိုင်​တော်​မူ​၏။-

2 ဟာ​ဒ​ရက်​ပြည်​နှင့်​ကပ်​လျက်​နေ​သော​ဟာ​မက် ပြည်​ကို​လည်း​ကောင်း ကျွမ်း​ကျင်​လိမ္မာ​မှု​ရှိ​သည့် တု​ရု​မြို့​နှင့်​ဇိ​ဒုန်​မြို့​တို့​ကို​လည်း​ကောင်း ကိုယ်​တော်​ပိုင်​တော်​မူ​၏။-

3 တု​ရု​မြို့​သည်​မိ​မိ​အ​တွက်​ခံ​တပ်​များ​ကို ဆောက်​လုပ်​ကာ ရွှေ​နှင့်​ငွေ​များ​ကို​မြေ​မှုန့် တ​မျှ​ပေါ​များ​လောက်​အောင်​စု​ပုံ​၍​ထား​၏။-

4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။

5 ဤ​အ​မှု​ကို​အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်​၍ ကြောက်​လန့်​သွား​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် လည်း​မြင်​သ​ဖြင့်​စိတ်​နှ​လုံး​တုန်​လှုပ်​ခြောက် ချား​၍​သွား​လိမ့်​မည်။ ဧ​ကြုန်​မြို့​သည်​လည်း ထို​နည်း​လည်း​ကောင်း​ဖြစ်​၍​သူ​၏​မျှော်​လင့် ချက်​များ​ပျက်​ပြား​၍​သွား​လိမ့်​မည်။ ဂါ​ဇ မြို့​သည်​မင်း​ဆက်​ပြတ်​လျက်၊ အာရှ​ကေ​လုန် မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​၍​ကျန်​ရစ် လိမ့်​မည်။-