ဇေဖနိ 2:4-10 BCL

4 ဂါ​ဇ​မြို့​တွင်​လူ​တစ်​စုံ​တစ်​ယောက်​မျှ​ကျန် ရှိ​လိမ့်​မည်​မ​ဟုတ်။ အာ​ရှ​ကေ​လုန်​မြို့​သည် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။ အာ​ဇုတ် မြို့​သား​တို့​သည်​တစ်​နေ့​ချင်း​တွင်​အ​နှင် ခံ​ရ​ကြ​လျက်​ဧ​ကြုန်​မြို့​သား​တို့​သည် ထို​မြို့​မှ​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

5 အို ဖိ​လိတ္တိ​လူ​တို့၊ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ ထိုင်​သူ​ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ချ​မှတ် တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​တို့​ကို သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်​ဖြစ်​၍ သင် တို့​တစ်​ဦး​တစ်​ယောက်​မျှ​ကျန်​ရှိ​ရ​လိမ့် မည်​မ​ဟုတ်။-

6 ပင်​လယ်​အ​နီး​ရှိ သင်​တို့​၏​ပြည်​သည်​သိုး များ​ကျက်​စား​ရာ​ကွင်း​ပြင်​ဖြစ်​၍​နေ လိမ့်​မည်။-

7 အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။

8 အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-

9 ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။

10 ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-