ဒေသနာကျမ်း။ 3:14-20 BCL

14 ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။

15 ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။

16 ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။

17 ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။

18 လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊

19 လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။

20 အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။