18 ကယ်တော်မမူလျှင်လည်းအကျွန်ုပ်တို့ သည်အရှင်၏ဘုရားကိုရှိမခိုး၊ အရှင် ၏ရွှေရုပ်ကြီးကိုလည်းဦးမညွှတ်ကြောင်း သိမှတ်တော်မူပါ'' ဟုပြန်လည်လျှောက် ထားကြ၏။
19 ထိုအခါနေဗုခဒ်နေဇာသည်မိမိစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အပေါ်တွင်အမျက်ထွက် ကာမျက်နှာနီမြန်း၍လာတော်မူ၏။ ထို ကြောင့်မင်းကြီးသည်မီးဖိုကြီးကိုခုနစ်ဆ မျှပို၍ပူအောင်မီးထိုးစေတော်မူပြီးလျှင်၊-
20 မိမိ၏တပ်မတော်တွင်ခွန်အားအကြီးမား ဆုံးသောသူတို့အား ထိုသူသုံးယောက်ကို ပြင်းစွာအလျှံထလျက်ရှိသောမီးဖိုကြီး ထဲသို့ပစ်ချရန်အမိန့်ပေးတော်မူ၏။-
21 သို့ဖြစ်၍သူတို့သည်ထိုသူသုံးယောက်တို့ အားဘောင်းဘီ၊ အင်္ကျီ၊ ဝတ်လုံအင်္ကျီအစရှိ သည့်အဝတ်တန်ဆာများနှင့်တကွတုပ် နှောင်ပြီးလျှင် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချလိုက်ကြ၏။-
22 မင်းကြီးကြပ်တည်းစွာမိန့်မှာတော်မူခဲ့သည့် အတိုင်း မီးဖိုကြီးကိုအလွန့်အလွန်ပူအောင် ပြုလုပ်ထားသဖြင့်ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါတို့အားမီးဖိုကြီးသို့သယ်ဆောင် လာသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြကုန်၏။-
23 သို့ဖြစ်၍ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် တုပ်နှောင်လျက်ပင်ပြင်းစွာအလျှံ ထလျက်နေသောမီးဖိုကြီးထဲသို့ကျ ရောက်သွားကြလေသည်။
24 ထိုအခါနေဗုခဒ်နေဇာသည်အံ့အားသင့် လျက် ရုတ်တရက်ထတော်မူပြီးလျှင် မိမိ ၏အတိုင်ပင်ခံအရာရှိများအား``ငါတို့ သည်လူသုံးယောက်တို့ကိုတုပ်နှောင်၍ပြင်း စွာအလျှံထလျက်ရှိသည့်မီးဖိုကြီးထဲ သို့ပစ်ချခဲ့ကြသည်မဟုတ်ပါလော'' ဟု မေးတော်မူ၏။