27 မင်းညီမင်းသားများ၊ ဘုရင်ခံများ၊ ဒုတိယ ဘုရင်ခံများနှင့်ဘုရင့်အတိုင်ပင်ခံအရာ ရှိအပေါင်းတို့သည် မီးလောင်ခြင်းမခံရ ကြသောလူသုံးဦးတို့ကိုဝိုင်း၍ကြည့်ရှုကြ ကုန်၏။ ထိုသူတို့၏ဆံခြည်ပင်တစ်ပင်မျှ မီးမမြိုက်။ အဝတ်အင်္ကျီများသည်မီးမလောင်၊ သူတို့ကိုယ်မှမီးခိုးနံ့လည်းမရ။
28 မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
29 ``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
30 ထိုနောက်မင်းကြီးသည် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အား ဗာဗုလုန်ပြည် နယ်တွင်ပိုမိုကြီးမြင့်သည့်ရာထူးများ ဖြင့်ချီးမြှင့်တော်မူလေသည်။