5 သင်တို့သည်တံပိုးခရာမှုတ်သံကိုကြား ရပြီးနောက်ပလွေ၊ ပတ်သာ၊ စောင်းကြီး၊ စောင်း ငယ်တို့ကိုတီးမှုတ်သံကိုလည်းကောင်း၊ ထို နောက်အခြားတူရိယာများတီးမှုတ်သံ ကိုလည်းကောင်းကြားကြလိမ့်မည်။ တူရိယာ တီးမှုတ်သံစသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာမင်းတည်ထားသည့်ရွှေရုပ်ကြီးကို သင်တို့ဦးညွှတ်ရှိခိုးကြစေ။-
6 ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။-
7 သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။
8 ဗာဗုလုန်ပြည်သားအချို့တို့သည်ယုဒ အမျိုးသားတို့အား ပြစ်တင်ပြောဆိုရန် အခွင့်ကောင်းကိုယူ၍၊-
9 နေဗုခဒ်နေဇာမင်းအား``အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။-
10 တူရိယာစတင်တီးမှုတ်သည်နှင့်တစ်ပြိုင် နက်ရွှေရုပ်ကြီးအားလူတိုင်းဦးညွှတ်ရှိ ခိုးစေ။-
11 ထိုအရုပ်ကြီးအားဦးညွှတ်ခြင်းမပြုသူ ဟူသမျှသည် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချခြင်းကိုခံစေ ဟူ၍အရှင်အမိန့်တော်ထုတ်ပြန်ခဲ့ပါ၏။-