ဒံ​ယေ​လ 4:10-16 BCL

10 ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။-

11 ထို​သစ်​ပင်​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ရှိ​သ​မျှ သော​လူ​အ​ပေါင်း​တို့​မြင်​ရ​ကြ​သည်​တိုင် အောင် မိုး​ကောင်း​ကင်​အ​ထိ​မြင့်​မား​လာ လေ​သည်။-

12 ထို​သစ်​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် တစ်​ကမ္ဘာ​လုံး​စား​သုံး​နိုင်​၏။ တော​တိ​ရစ္ဆာန် တို့​သည်​ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ ငှက်​တို့​သည်​အ​ကိုင်း​အ​ခက်​များ​တွင်​အ​သိုက် လုပ်​ကြ​၏။ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် ထို​အ​ပင်​၏​အ​သီး​ကို​စား​ကြ​၏။

13 ``ငါ​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​မြင် ရ​ပုံ​ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် နိုး ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင်​တ​မန်​တစ် ပါး​ဆင်း​သက်​လာ​သည်​ကို​မြင်​ရ​၏။-

14 ကောင်း​ကင်​တ​မန်​က`ဤ​သစ်​ပင်​ကို​ခုတ်​ချ ၍​အ​ကိုင်း​တို့​ကို​ဖြတ်​တောက်​ပစ်​လော့။ အရွက် တို့​ကို​ချွေ​၍​အ​သီး​တို့​ကို​ကြဲ​ဖြန့်​ပစ်​လော့။ တိရစ္ဆာန်​တို့​ကို​ထို​သစ်​ပင်​ရိပ်​မှ​လည်း​ကောင်း၊ ငှက်​တို့​ကို​အ​ကိုင်း​အ​ခက်​များ​မှ​လည်း ကောင်း​မောင်း​ထုတ်​လော့။-

15 သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။-

16 သူ​သည်​လူ​စိတ်​ပျောက်​လျက်​ခု​နစ်​နှစ်​တိုင် တိုင် တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​နေ​လိမ့်​မည်။-