ဒံ​ယေ​လ 6:6-12 BCL

6 ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။-

7 အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။-

8 ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-

9 သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။-

10 မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။

11 သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊-

12 တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။