24 ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-
25 သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-
26 ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-
27 အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
28 ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။