20 ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
21 ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
22 ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။-
23 သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
24 ``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
25 ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
26 ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-