နာ​ဟုံ 1:5-11 BCL

5 ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။

6 ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။

7 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။

8 ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့်မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။

9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။

10 သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။

11 အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။-