6 ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
7 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍၊မိမိ၏လူမျိုးတော်ဒုက္ခရောက်ချိန်၌ကွယ်ကာ စောင့်ရှောက်တော်မူ၏။အထံတော်တွင်ခိုလှုံသူတို့အားကြည့်ရှု ပြုစုတော်မူ၏။
8 ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့်မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
9 သင်သည်ထာဝရဘုရားအားဆန့်ကျင်၍ အဘယ်အမှုကိုကြံစည်လျက်နေပါသနည်း။ကိုယ်တော်သည်သင့်ကိုသုတ်သင်ဖျက်ဆီး တော်မူလိမ့်မည်။အဘယ်သူမျှကိုယ်တော်အားတစ်ကြိမ်ထက်ပို၍ အတိုက်အခံမပြုနိုင်။
10 သင်သည်ဆူးချုံမြက်ခြောက်သဖွယ် မီးလောင်ကျွမ်းသွားလိမ့်မည်။
11 အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
12 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-