နာ​ဟုံ 1:7-13 BCL

7 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။

8 ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့်မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။

9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။

10 သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။

11 အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။-

12 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``အာ​ရှု​ရိ အ​မျိုး​သား​တို့​သည်​ခွန်​အား​ကြီး​၍​အ​ရေ အ​တွက်​အား​ဖြင့်​များ​သော်​လည်း သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​လျက်​ကွယ်​ပျောက် သွား​ကြ​လိမ့်​မည်။ အို ငါ​၏​လူ​မျိုး​တော်၊ ငါ သည်​သင်​တို့​အား​ဒုက္ခ​ရောက်​စေ​ခဲ့​ဖူး​သော် လည်း​နောက်​တစ်​ဖန်​ထို​သို့​ပြု​တော့​မည် မ​ဟုတ်။-

13 သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။