နာ​ဟုံ 2:1-4 BCL

1 အို နိ​နေ​ဝေ​မြို့၊ရန်​သူ​သည်​သင့်​ကို​တိုက်​ခိုက် လျက်​ရှိ​၏။သင်​တို့​ချေ​မှုန်း​ပစ်​မည့်​သူ​သည်​ရောက်​ရှိ​လာ လေ​ပြီ။သင်​၏​ခံ​တပ်​များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​လော့။ လမ်း​တွင်​အ​စောင့်​ချ​ထား​လော့။တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​ဆင်​လော့။

2 (ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား ရန်​သူ​များ​လု​ယက်​တိုက်​ခိုက်​မှု​မ​ပြု​မီ အ​ခါ​က အ​ခြေ​အ​နေ​သို့​ပြန်​လည်​ရောက် ရှိ​စေ​တော်​မူ​တော့​အံ့။)

3 ရန်​သူ​စစ်​သူ​ရဲ​တို့​သည်​ဒိုင်း​လွှား​နီ​များ ကို​ကိုင်​ဆောင်​ကာ ဆင်​တူ​ဝတ်​စုံ​နီ​များ​ကို​ဝတ်​ဆင်​ထား​ကြ​၏။သူ​တို့​သည်​တိုက်​ခိုက်​ရန်​အ​သင့်​ပြင်​ဆင်​လျက် ရှိ​ကြ​၏။သူ​တို့​၏​စစ်​မြင်း​ရ​ထား​များ​သည်​မီး​လျှံ သ​ဖွယ် တောက်​ပ​လျက်၊သူ​တို့​၏​မြင်း​များ​သည်​ခုန်​ပေါက်​၍​နေ​ကြ​၏။

4 စစ်​မြင်း​ရ​ထား​တို့​သည်​လမ်း​များ​တွင်​အ​ပြင်း နှင်​ကာ၊လူ​ထု​စု​ဝေး​ရာ​ကွက်​လပ်​များ​တွင် အ​စုံ​အ​ဆန်​ပြေး​ကြ​ကုန်​၏။ယင်း​တို့​သည်​မီး​ရှူး​တိုင်​များ​သ​ဖွယ် တောက်​ပ​လျက်၊ လျှပ်​စစ်​ပြက်​သ​ကဲ့​သို့​လျင်​မြန်​ကြ​၏။