နာ​ဟုံ 2:6-12 BCL

6 မြစ်​အ​နီး​ရှိ​မြို့​တံ​ခါး​များ​သည်​ရုတ်​တ​ရက် ပွင့်​ထွက်​လာ​လေ​ပြီ။နန်း​တော်​တွင်​လည်း​ကြောက်​စိတ်​လွှမ်း​လျက် နေ​တော့​၏။

7 မိ​ဖု​ရား​သည်​အ​ဖမ်း​ခံ​ပြီး​ဖြစ်​၍ရံ​ရွေ​တော်​တို့​သည်​ချိုး​ငှက်​များ​ကဲ့​သို့ ညည်း​တွား​ငို​ယို​ကြ​ကုန်​၏။သူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့်​မိ​မိ​တို့ ရင်​ဘတ်​များ​ကို​တီး​ကြ​၏။

8 တာ​ကျိုး​မှ​စီး​ထွက်​သည့်​ရေ​ကဲ့​သို့​လူ​တို့​သည် နိ​နေ​ဝေ​မြို့​မှ​တစ်​ဟုန်​တည်း​ထွက်​ပြေး​ကြ​၏။သူ​တို့​အား`ရပ်​တန့်​လော့၊ရပ်​တန့်​လော့' ဟုဟစ်​အော်​ပြော​ဆို​ပါ​သော်​လည်း၊အ​ဘယ်​သူ​မျှ လှည့်​၍​မ​ကြည့်​ကြ။

9 ငွေ​တို့​ကို​လု​ယူ​ကြ​လော့။ ရွှေ​တို့​ကို​လု​ယူ ကြ​လော့။ဤ​မြို့​သည်​ဥစ္စာ​ရ​တ​နာ​ပေါ​များ​ကြွယ်​ဝ သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။

10 နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။

11 ခြင်္သေ့​များ​ခို​အောင်း​ရာ​သား​ရဲ​တွင်း၊ခြင်္သေ့​ငယ် များ​ကို အ​စာ​ကျွေး​ရာ၊ခြင်္သေ့​ကြီး​ငယ်​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ​လာ ရောက်​ခို​လှုံ​ရာ အ​ရပ်​နှင့်​တူ​သော​မြို့​သည်ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။

12 ခြင်္သေ့​သည်​သား​ကောင်​ကို​သတ်​ပြီး​လျှင်၊ ခြင်္သေ့​မ​နှင့် သား​ငယ်​တို့​အ​တွက်အ​ပိုင်း​ပိုင်း​အ​စ​စ​ဖြစ်​အောင်​ကိုက်​ဖြတ်​ကာ၊ထို​အ​သား​စ​များ​ဖြင့်​မိ​မိ​သား​ရဲ​တွင်း​ကို ပြည့်​စေ​တတ်​၏။