နာ​ဟုံ 3:11-17 BCL

11 အို နိ​နေ​ဝေ​မြို့၊ သင်​သည်​မူး​ယစ်​ထုံ​ထိုင်း လျက်​ရန်​သူ​များ​၏​လက်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​လိမ့်​မည်။-

12 သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-

13 သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-

14 မြို့​ကို​အ​ဝိုင်း​ခံ​နိုင်​ရန်​ရေ​များ​ကို​ခပ်​ထား​လော့။ ခံ​တပ်​များ​ကို​အား​ဖြည့်​ထား​ကြ​လော့။ အုတ်​ဖုတ် ရန်​ရွှံ့​စေး​ကို​နင်း​နယ်​၍​အုတ်​သွန်း​ပုံ​များ​ကို အ​သင့်​ပြု​လုပ်​လော့။-

15 သင်​သည်​အ​ဘယ်​သို့​ပင်​ပြု​သော်​လည်း​မီး​သင့် လောင်​ပြီး​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​သေ​လိမ့်​မည်။ ကျိုင်း​ကောင်​များ​ကိုက်​ဖျက်​လိုက်​သည့်​အ​သီး အ​နှံ​များ​ကဲ့​သို့​သင်​သည်​အ​စ​တုန်း​၍​သွား လိမ့်​မည်။သင်​သည်​ကျိုင်း​ကောင်​များ​ကဲ့​သို့​လူ​ဦး​ရေ တိုး​ပွား​စေ​ခဲ့​၏။-

16 မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ထက်​ပင်​ပို မို​များ​ပြား​သည့်​ကုန်​သည်​များ​ကို​မွေး​ထုတ် ပေး​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ​တို့​အ​တောင်​ကို​ဖြန့် ၍​ပျံ​သွား​သော​ကျိုင်း​ကောင်​များ​ကဲ့​သို့ ထို သူ​တို့​သည်​ထွက်​သွား​ကြ​လေ​ပြီ။-

17 သင်​၏​အ​စောင့်​များ​နှင့်​မှူး​မတ်​များ​သည်​ချမ်း ဧ​ချိန်​ညဥ့်​အ​ခါ​နံ​ရံ​များ​တွင်​နား​နေ​ပြီး လျှင် နေ​ထွက်​သည်​နှင့်​ပျံ​ထွက်​သွား​သ​ဖြင့် အ​ဘယ်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ​ရ သည့်​ကျိုင်း​ကောင်​အုပ်​နှင့်​တူ​ကြ​၏။