နေ​ဟ​မိ 12:1-12-21 BCL

1 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏​စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။စ​ရာ​ယ၊ယေ​ရ​မိ၊ဧ​ဇ​ရ၊အာ​မ​ရိ၊မလ္လုတ်၊ဟတ္ထုတ်၊ရှေ​ခ​နိ၊ရေ​ဟုံ၊မေ​ရ​မုတ်၊ဣ​ဒေါ၊ဂိ​န္နေသုန်၊အ​ဘိ​ယ၊မိ​ညာ​မိန်၊မာ​ဒျာ၊ဗိ​လ​ဂ၊ရှေ​မာ​ယ၊ယော​ယ​ရိပ်၊ယေ​ဒါ​ယ၊သလ္လု၊အာ​မောက်၊ဟိ​လ​ခိ၊ယေ​ဒါ​ယ။ထို​သူ​တို့​သည်​ယော​ရှု​၏​လက်​ထက်​၌ မိ​မိ​တို့​၏​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဋ္ဌမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊

9 အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ​သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က​ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။

10 ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။

11 ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။

12-21 ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင်စ​ရာ​ယ မေ​ရာ​ယယေ​ရ​မိ ဟာ​န​နိဧ​ဇ​ရ မေ​ရှု​လံအာ​မ​ရိ ယော​ဟ​နန်မလ္လုတ် ယော​န​သန်ရှေ​ခ​နိ ယော​သပ်ဟာ​ရိ​မ အာ​ဒ​နမေ​ရာ​ယုတ် ဟေ​လ​ကဲဣ​ဒေါ ဇာ​ခ​ရိဂိန္နေ​သုန် မေ​ရှု​လံအ​ဘိ​ယ ဇိ​ခ​ရိမိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာမာ​ဒျာ ပိ​လ​တဲဗိ​လ​ဂ ရှ​မွာရှေ​မာ​ယ ယေ​ဟော​န​သန်ယော​ယ​ရိပ် မတ္တေနဲယေ​ဒါ​ယ သြ​ဇိသလ္လု ကာ​လဲအာ​မောက် ဧ​ဗာဟိ​လ​ခိ ဟာ​ရှ​ဘိယေ​ဒါ​ယ နာ​သ​နေ​လ