နေ​ဟ​မိ 12:10-25 BCL

10 ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။

11 ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။

12-21 ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင်စ​ရာ​ယ မေ​ရာ​ယယေ​ရ​မိ ဟာ​န​နိဧ​ဇ​ရ မေ​ရှု​လံအာ​မ​ရိ ယော​ဟ​နန်မလ္လုတ် ယော​န​သန်ရှေ​ခ​နိ ယော​သပ်ဟာ​ရိ​မ အာ​ဒ​နမေ​ရာ​ယုတ် ဟေ​လ​ကဲဣ​ဒေါ ဇာ​ခ​ရိဂိန္နေ​သုန် မေ​ရှု​လံအ​ဘိ​ယ ဇိ​ခ​ရိမိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာမာ​ဒျာ ပိ​လ​တဲဗိ​လ​ဂ ရှ​မွာရှေ​မာ​ယ ယေ​ဟော​န​သန်ယော​ယ​ရိပ် မတ္တေနဲယေ​ဒါ​ယ သြ​ဇိသလ္လု ကာ​လဲအာ​မောက် ဧ​ဗာဟိ​လ​ခိ ဟာ​ရှ​ဘိယေ​ဒါ​ယ နာ​သ​နေ​လ

22 ယဇ်​ပု​ရော​ဟိတ်​မင်း​များ​ဖြစ်​ကြ​သော​ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နှင့်​ယာ​ဒွါ​တို့​၏​လက်​ထက်​တွင်​လေ​ဝိ​အိမ်​ထောင်​စု​နှင့်​ယဇ်​ပု​ရော​ဟိတ်​အိမ်​ထောင်​စု​ဦး​စီး​ခေါင်း​ဆောင်​များ​၏​မှတ်​တမ်း​ကို​ထား​ရှိ​ခဲ့​၏။ ဤ​မှတ်​တမ်း​ကို​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ​လက်​ထက်​၌​ပြု​စု​ပြီး​စီး​လေ​သည်။

23 သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။

24 ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။

25 ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။