နေ​ဟ​မိ 12:27-33 BCL

27 ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် အား​ရ​ရွှင်​လန်း​စွာ​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​သီ​ဆို​လျက် လင်း​ကွင်း​နှင့်​စောင်း​များ​ကို​တီး​လျက်​ပါ​ဝင်​ဆင်​နွှဲ​ကြ​စေ​ရန် သူ​တို့​အား​ရောက်​ရှိ​နေ​ထိုင်​လျက်​ရှိ​သည့်​အ​ရပ်​များ​မှ​ခေါ်​ယူ​ခဲ့​ကြ​၏။

28 ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​သော​လေ​ဝိ​အိမ်​ထောင်​စု​များ​သည်၊ မိ​မိ​တို့​အ​တည်​တ​ကျ​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​ဒေ​သ​နေ​တော​ဖာ​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ၊-

29 ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။-

30 ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။

31 ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။-

32 သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။-

33 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊-