နေ​ဟ​မိ 12:35-41 BCL

35 ယဇ်​ပု​ရော​ဟိတ်​အ​ချို့​က တံ​ပိုး​ခ​ရာ​များ​မှုတ်​၍​လိုက်​ကြ​၏။ ထို​နောက်​ရှေ​မာ​ယ​၏​မြေး၊ ယော​န​သန်​၏​သား​ဇာ​ခ​ရိ​လိုက်​လေ​သည်။ (သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​သပ်​သား​ချင်း​စု​ဝင်​ဖြစ်​ကြ​သော​မ​ဿ​နိ၊ မိက္ခာ​ယ​နှင့်​ဇက္ကု​ရ​တို့​လည်း​ပါ​ဝင်​လေ​သည်။-)

36 သူ​၏​နောက်​၌​သူ့​သား​ချင်း​စု​ဝင်​များ​ဖြစ်​ကြ​သော​ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ​နှင့်​ဟာ​န​နိ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​မင်း​တီး​မှုတ်​သည့်​တူ​ရိ​ယာ​မျိုး​တို့​ကို​ကိုင်​ဆောင်​လျက်​လိုက်​ကြ​၏။ ကျမ်း​တတ်​မြောက်​သူ​ဧ​ဇ​ရ​က​ဤ​လူ​စု​တို့​လှည့်​လည်​ရာ​တွင်​ဦး​စီး​ခေါင်း​ဆောင်​ပြု​လေ​သည်။-

37 စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။

38 ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊-

39 ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။

40 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-

41 ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။-