နေ​ဟ​မိ 12:39-46 BCL

39 ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။

40 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-

41 ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။-

42 သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။

43 ထို​နေ့​၌​ယဇ်​အ​မြောက်​အ​မြား​ကို​ပူ​ဇော်​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​ခွင့်​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကြောင့်​လူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​နှင့်​အ​တူ​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​သည်​လည်း​ပါ​ဝင်​ဆင်​နွှဲ​ကြ​သည်​ဖြစ်​၍ သူ​တို့​၏​ရွှင်​လန်း​ဝမ်း​မြောက်​သံ​ကို​အ​ဝေး​က​ပင်​ကြား​နိုင်​လေ​သည်။

44-45 ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။

46 ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။-