16 ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။-
17 ထိုအခါငါသည်ယုဒခေါင်းဆောင်များ အား``သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်ကို ကြည့်ကြလော့။ သင်တို့သည်ဥပုသ်နေ့ကို ညစ်ညမ်းစေကြ၏။-
18 သင်တို့၏ဘိုးဘေးများသည်ဒုစရိုက်ကို ပြုသဖြင့် ဘုရားသခင်သည်ဤမြို့ကို ဖျက်ဆီးစေခြင်းအားဖြင့်သူတို့အားဒဏ် ခတ်တော်မူ၏။ သို့ပါလျက်သင်တို့သည် ဥပုသ်နေ့ကိုညစ်ညမ်းစေသောအားဖြင့် ဣသရေလအမျိုးသားတို့အပေါ်သို့ ဘုရားသခင်၏အမျက်တော်ကို ပိုမို ပြင်းထန်စွာသက်ရောက်စေကြမည်လော'' ဟုပြစ်တင်ပြောဆို၏။
19 ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။-
20 ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသူကုန်သည် အချို့တို့သည်သောကြာနေ့ည၌မြို့တံခါး ပြင်တွင်လာ၍အိပ်ကြ၏။ သူတို့သည်ယင်းသို့ တစ်ကြိမ်နှစ်ကြိမ်ပြုကြ၏။-
21 ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။-
22 ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာလေဝိ အနွယ်ဝင်တို့အား မိမိတို့ကိုယ်ကိုသန့်စင် စေပြီးလျှင်မြို့တံခါးများသို့သွား၍ စောင့်ရန်ငါအမိန့်ပေး၏။အို ဘုရားသခင်ဤအမှုကိုလည်းထောက်၍ အကျွန်ုပ်ကိုသတိရတော်မူပါ။ မေတ္တာတော် နှင့်အညီအကျွန်ုပ်အားသနားတော်မူပါ။