နေ​ဟ​မိ 2:1-4 BCL

1 လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊-

2 ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊-

3 ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

4 ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊-