16 အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။-
17 သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
18 ထာဝရဘုရားသည်ငါနှင့်အဘယ်သို့အတူ ရှိတော်မူခဲ့၍ ငါ့အားကူမတော်မူခဲ့ကြောင်း ကိုလည်းကောင်း၊ ငါ့အားဧကရာဇ်မင်းကြီး အဘယ်သို့အမိန့်ရှိတော်မူခဲ့ကြောင်းကို လည်းကောင်းဖော်ပြ၏။ထိုသူတို့က``ပြန်လည်တည်ဆောက်မှုကိုငါ တို့အစပြုကြကုန်အံ့'' ဟုဆိုကာအလုပ် စရန်အသင့်ပြင်ဆင်ကြလေသည်။
19 ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
20 ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။