နေ​ဟ​မိ 3:1-4 BCL

1 မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။ ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။

2 ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊ဣ​မ​ရိ​၏​သား​ဇက္ကု​ရ​သည် နောက်​ထပ်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။

3 ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။

4 မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။