13 ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
14 ယုဒဘုရင်ခံအဖြစ်နှင့်ငါတာဝန်ယူရ သည့်တစ်ဆယ့်နှစ်နှစ်အတောအတွင်းအာ တဇေရဇ်ဧကရာဇ်မင်း၏နန်းစံအနှစ် နှစ်ဆယ်မြောက်မှသုံးဆယ့်နှစ်နှစ်မြောက် တိုင်အောင် ငါနှင့်တကွငါ၏ဆွေမျိုးသား ချင်းတို့သည်ဘုရင်ခံအနေဖြင့်ငါရ သင့်ရထိုက်သည့်ရိက္ခာကိုမယူပါ။-
15 ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
16 ငါ့မှာရှိသမျှသောစွမ်းရည်ခွန်အားကိုမြို့ ရိုးတည်ဆောက်ရာတွင်အသုံးပြု၏။ ငါသည် အဘယ်လယ်မြေကိုမျှလည်းမဝယ်။ ငါ၏ အလုပ်သမားရှိသမျှသည်လည်းမြို့ရိုး တည်ဆောက်မှုတွင်ပါဝင်လုပ်ကိုင်ကြသည်။-
17 ပတ်ဝန်းကျင်တိုင်းပြည်များမှငါ့ထံသို့ လာရောက်ကြသည့်လူများအပြင် ယုဒ အမျိုးသားများနှင့် သူတို့၏ခေါင်းဆောင် တစ်ရာ့ငါးဆယ်ကို ငါသည်ငါ့စားပွဲတွင် ပုံမှန်ကျွေးမွေး၏။-
18 ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။
19 အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။