10 ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။
11 ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
12 ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။-
13 ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
14 ``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
15 အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-
16 ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။