46-56 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ကေရုတ်၊သယ၊ပါဒုန်၊လေဗန၊ဟာဂဗ၊ရှာလမဲ၊ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊သြဇ၊ပါသာ၊ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ဗာရကုတ်၊သိသရ၊တာမ၊နေဇိနှင့်ဟတိဖ။
57-59 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။သောတဲ၊သောဖရက်၊ပေရိဒ၊ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမုန်။
60 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
61-62 တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
63-64 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။)ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။-
65 ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
66 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူစုစုပေါင်းဦးရေ ၄၂၃၆၀