မာ​လ​ခိ 1:3-9 BCL

3 ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။

4 အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။

5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဤ​အ​ဖြစ် အ​ပျက်​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ရ​ကြ သ​ဖြင့်``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​အ​ပြင်​အ​ပ​၌​ပင်​လျှင် ဘုန်း​တန်​ခိုး ကြီး​တော်​မူ​ပါ​ပေ​သည်'' ဟု​ဆို​ကြ​လိမ့် မည်။

6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယဇ် ပု​ရော​ဟိတ်​တို့​အား``သား​သည်​ဖ​ခင်​အား လည်း​ကောင်း၊ အ​စေ​ခံ​သည်​သ​ခင်​အား​လည်း ကောင်း​ရို​သေ​လေး​စား​၏။ ငါ​သည်​သင်​တို့​၏ ဖ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​သင်​တို့ ငါ့​အား​မ​ရို​သေ​ကြ​ပါ​သ​နည်း။ ငါ​သည် သင်​တို့​၏​သ​ခင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့် သင်​တို့​ငါ့​အား​မ​လေး​စား​ကြ​ပါ​သ​နည်း။ သင်​တို့​သည် ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​ပြီး လျှင်``ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ အ​ဘယ်​သို့​မ​ထီ​မဲ့​မြင်​ပြု​မိ​ကြ​ပါ​သ နည်း'' ဟု​မေး​လျှောက်​ကြ​၏။-

7 သင်​တို့​မ​ထီ​မဲ့​မြင်​ပြု​ပုံ​မှာ​ငါ​၏​ယဇ် ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​အ​စား​အ​စာ များ​ကို​တင်​လှူ​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဖြစ် ၏။ ထို​နောက်​သင်​တို့​က``ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သို့​မ​ရို မ​သေ​ပြု​ခဲ့​ကြ​ပါ​သ​နည်း'' ဟု​မေး​ကြ ပြန်​၏။ သင်​တို့​မ​ရို​မ​သေ​ပြု​ပုံ​ကား​ငါ ၏​ယဇ်​ပလ္လင်​ကို​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ် ပေ​သည်။-

8 သင်​တို့​သည်​မျက်​စိ​ကန်း​ဖျား​နာ​သို့​မ​ဟုတ် ခြေ​ကျိုး​သည့်​ယဇ်​ကောင်​တို့​အား​တင်​လှူ​ပူ ဇော်​ရန် ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​သင် တို့​တွင်​အ​ပြစ်​မ​ရှိ​ဟု​ထင်​မှတ်​ကြ​ပါ သ​လော။ ဤ​ကဲ့​သို့​သော​သိုး​နွား​မျိုး​ကို ဘု​ရင်​ခံ​အား​ဆက်​သ​ကြည့်​ပါ​သ​လော။ သူ​သည်​သင်​တို့​အား​နှစ်​သက်​ပါ​မည်​လော။ အ​ခွင့်​ထူး​များ​ကို​သော်​လည်း​ပေး​ပါ​လိမ့် မည်​လော'' ဟု​မိန့်​တော်​မူ​၏။

9 အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊ ငါ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ​ရန်​ဘု​ရား​သ​ခင်​အား ယ​ခု​စမ်း​သပ်​လျှောက်​ထား​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​၏​ဆု​တောင်း​ပ​တ္ထ​နာ ကို​နား​ညောင်း​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ယင်း သို့​ဖြစ်​ရ​သည်​မှာ​လည်း သင်​တို့​၏​အ​ပြစ် များ​ကြောင့်​ပင်​ဖြစ်​ပါ​၏။-