မာ​လ​ခိ 2:5-11 BCL

5 ငါ​၏​ပ​ဋိ​ညာဉ်​တော်​တွင်​သူ​တို့​အား အ​သက်​ရှင်​မှု​နှင့် ချမ်း​မြေ့​သာ​ယာ​မှု​ကို က​တိ​ထား​ခဲ့​သည်​ဖြစ်​၍ ငါ​သည်​မိ​မိ အား​သူ​တို့​ရို​သေ​လေး​စား​စိမ့်​သော​ငှာ ထို​အ​ရာ​များ​ကို​ပေး​အပ်​ခဲ့​ပေ​သည်။ ထို နေ့​ရက်​ကာ​လ​များ​က​သူ​တို့​သည်​အ​ကယ် ပင်​ငါ့​အား​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​၏။-

6 သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။-

7 ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။

8 ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

9 သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။

10 ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။-

11 ယု​ဒ​ပြည်​သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့် မိ​မိ​တို့​ထား​ရှိ​သည့်​သစ္စာ​က​တိ​ကို​ဖျက် လျက် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ် ခု​လုံး​၌​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​မှု ကို​ပြု​ကြ​လေ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မြတ်​နိုး​တော်​မူ​သည့်​ဗိ​မာန်​တော် ကို​ညစ်​ညမ်း​စေ​ကြ​လေ​ပြီ။ အ​မျိုး​သား တို့​သည်​လည်း​လူ​မျိုး​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​သူ​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​ကြ​လေ​ပြီ။-