မိက္ခာ 1:13-16 BCL

13 လာ​ခိ​ရှ​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ စစ်​ရ​ထား များ​ကို​မြင်း​က​ကြ​လော့။ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​စံ​န​မူ​နာ​ကို လိုက်​၍ အ​ပြစ်​ကူး​လွန်​ကြ​၏။ သင်​တို့ အ​ပြစ်​ကူး​လွန်​စေ​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​အား​လည်း​အ​ပြစ်​ကူး​လွန်​စေ​ကြ​၏။-

14 ယု​ဒ​ပြည်​သား​တို့၊ မော​ရ​ရှက်​ဂါ​သ​မြို့​ကို လည်း​လက်​လွှတ်​လိုက်​ကြ​လော့။ ဣ​သ​ရေ​လ ဘု​ရင်​တို့​သည် အာ​ခ​ဇိပ်​မြို့​သား​တို့​ထံ​မှ အ​ကူ​အ​ညီ​ရ​လိမ့်​မည်​မ​ဟုတ်။

15 မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-

16 ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။