မိက္ခာ 6:1-6 BCL

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​လော့။အို ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​၍​ကိုယ်​တော် ၏​စွပ်​စွဲ​ချက်​ကို​မိန့်​တော်​မူ​ပါ။ ကိုယ်​တော် မိန့်​တော်​မူ​ချက်​ကို​တောင်​နှင့်​တောင်​ကုန်း များ​ကြား​ကြ​ပါ​စေ။

2 ကမ္ဘာ​မြေ​ကြီး​၏​တည်​မြဲ​သော​အ​ခြေ​အ​မြစ် ဖြစ်​သည့်​တောင်​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏ စွပ်​စွဲ​တော်​မူ​ချက်​ကို​နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​စွဲ​ချက်​တင်​ရန်​ရှိ​တော်​မူ​သည်။ ကိုယ် တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​အ​မှု​ဆိုင်​ရန်​ရှိ​သည်။

3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​တို့၊ သင်​တို့​ဤ​မျှ​လောက်​ဆိုး​ရွား​လာ​စေ​ရန် သင်​တို့​အား​ငါ​မည်​ကဲ့​သို့​ပြု​လုပ်​ခဲ့​ဖူး သ​နည်း။ ငါ့​အား​ဖြေ​ကြား​လော့။-

4 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​၏။ ကျွန်​ခံ​ရာ​ဘ​ဝ​မှ​ကယ်​တင်​ခဲ့​၏။ သင် တို့​ကို​ရှေ့​ဆောင်​လမ်း​ပြ​ရန်​မော​ရှေ၊ အာ​ရုန် နှင့်​မိ​ရိ​အံ​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။-

5 ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

6 ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ သော​အ​ခါ ငါ​သည်​မည်​သည့်​ပူ​ဇော်​သကာ​ကို ယူ​ဆောင်​ခဲ့​ရ​ပါ​မည်​နည်း၊ ဆူ​ဖြိုး​သော​နွား က​လေး​ကို​မီး​ရှို့​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ ပါ​မည်​လော၊-