မိက္ခာ 6:13-16 BCL

13 သို့​ဖြစ်​၍​သင်​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့် ငါ​သည်​ယ​ခု​သင်​တို့​အား​ဒဏ်​ခတ်​၍ ပျက်​သုဉ်း​စေ​မည်။ လိမ်​လည်​သော​စ​ကား​ကို ပြော​ဆို​ကြ​၏။-

14 သင်​တို့​သည်​အ​စား​အ​စာ​ကို​စား​သော်​လည်း တင်း​တိမ်​မှု​မ​ရှိ။ ဆာ​လောင်​မြဲ​ဆာ​လောင်​လျက် ရှိ​နေ​မည်။ သင်​တို့​ရ​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​စု​ဆောင်း​ထား​နိုင်​လိမ့်​မည်​မ​ဟုတ်။ စု​ဆောင်း​ထား​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​သည်​စစ်​ဘေး​ဒဏ်​ဖြင့်​ဖျက်​ဆီး​ပစ်​မည်။-

15 သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။-

16 သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''